အချစ်ရဲ့အစ ပထမတန်းကလပ် ပွဲစဉ်တွေကတည်းက တန်းဆင်းဇုံနဲ့ မိတ်ဖွဲ့၊ အီစီကလီကွင်းထဲမှာ ဘေးထွက်ဘော ခဏခဏဖြစ် [ဘောင်းဘီတိုလို့လေ...အဲ ဟုတ်ပေါင်]၊ နှလုံးသား 1st line up မှာ အရန်လူ…၊ သူများ တိုက်စစ်မှူးတွေရဲ့ လူကျွံဘောတွေ ပိုက်ဘောတွေကို သွားရည် တမြားမြားနဲ့ ငေးကြည့်နေရ….၊ ပရီးမီးယား သမီးရည်းစားလိဂ်မှာ ဗိုလ်မစွဲဖူးသေး… ၊ ရင်ခုန်သံ ချန်ပီယံလိဂ်ဖလားဆို ဝေးရော…၊ လူပျိုကြီးယူနိုက်တက်မှာ ၀ါအရင့်ဆုံး တိုက်စစ်မှူး..။ ဒါပေသည့် သွင်းဂိုး ဇီးရိုး..။ တစ်ခါတစ်လေ ကန်ရတဲ့ပွဲမှာ ကိုယ့်ကိုလူစားလဲရင် တစ်ဖက်အသင်းက စပါယ်ရှယ်ဝမ်းနည်း….။
အသည်းကွဲမက်ဒရစ် အသင်းကြီးကတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေးအဖြစ် PLAY BOY မဂ္ဂဇင်း သုံးအုပ်နဲ့ ကမ်းလှမ်းထားပေမယ့် အချစ်စီးတီးအသင်းမှာ လစာမဲ့ပဲဖြစ်ဖြစ် အငှားကစားချင်သူ…။ ချစ်သူကို ကျီးကန်းတောင်းမှောက် ရှာလွန်းအားကြီးတဲ့ မျက်လုံးကြီးတွေကြောင့် လီဗာပြူးကို ပြောင်းပါလားလို့ အကြံပေး တစ်ချို့ တော့ ရှိပါရဲ့။ ဒိုလေးလို အပျိုလေးတွေက အပီလာရောမယ် ထင်ထားပေမယ့် သူတို့အမြင်မှာ ကိုယ်က အဒီဘာယော…။ သံယောဇဉ်မီလန်ကို ခြေကန်ခဲ့ရတာလည်း ဥပေက္ခာ FIFA ရဲ့ စည်းကမ်းချက်နဲ့ မကိုက်လို့ပါကွယ်။ အားလုံးက နောက်ဆုံးသေချာရောက်မယ် ထင်တဲ့ကလပ်က အရူးကာဆယ်… ဟင့်!..။ Continue Reading »
ယခုရက်ပိုင်းအတွင်း ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်း အင်တာနက်ဆိုင်သစ် တစ်ဆိုင်တိုးလာဖို့ရှိပါတယ်။ ဆိုင်အမည်ကိုတော့ iCafe လို့ပေးထားပါတယ်။ Connection ပေါ်မူတည်ပြီး Webcam နှင့် Headphone များလည်း အသုံးပြုလို့ရနိုင်အောင် စီစဉ်ထားပါတယ်။ 17″ Viewsonic LCD များနှင့် ဆိုင်ကိုခင်းကျင်းထားပြီး လောလောဆယ်အလုံး (၂၀) အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုင်ပိုင် Laptop များနှင့် အသုံးပြုလိုသူများအတွက်လည်း စီစဉ်ထားပါတယ်။ အင်တာနက်အသုံးပြုခဈေးနှုန်း သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် မင်ဘာများအတွက်ကိုတော့ Special Promotion အနေနဲ့ ၃၀% discount သတ်မှတ်ပေးထားပါတယ်။
အဝေးရောက်နေတဲ့ တာဟန်းသူ၊ တာဟန်းသားများအတွက် ရည်ရွယ်ပြီး blog လေးတစ်ခုဖန်တီးထားပါတယ်….